(COVID-19) ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၇-၂၀၂၀) ရက်နေ့တွင် ညောင်ဦးခရိုင်အတွင်းရှိ မြို့ပေါ်ရပ်ကွက် (၂) ခုနှင့် ကျေးရွာ‌ပေါင်း ရွာ (၂၀) မှ ပြည်သူများအား မိုးရာသီကာလအတွင်း ဖြစ်ပေါ်နိုင်သော သဘာဝဘေးအန္တရာယ်များနှင့် ပက်သက်၍ ဆောင်ရန်/ရှောင်ရန်များ၊ Covid-19 ရောဂါနှင့်ပက်သက်၍ အသိပညာပေး ခြင်းများကို လော်စပီကာ၊ Hand Speaker တို့ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#mdy _jul2020

Sign Up

Upcoming Events