
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခန္တီးမြို့နယ်၌ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချင်းတွင်းမြစ်ကမ်းဘေးဝဲယာနှင့် မြေနိမ့်ပိုင်းနေရာများသို့ ရေဝင်ရောက်ခဲ့ရာ (၂၄-၇-၂၀၂၀) ရက်နေ့တွင် ထပ်မံပြောင်းရွှေ့ ရသည့် ခန္တီးမြို့နယ်၊ ပေါမိုင်းရပ်ကွက်နှင့်မြို့မရပ်ကွက်မှ စုစုပေါင်းအိမ်ထောင်စု (၇) စု၊ လူဦးရေ (၃၂) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၇၂,၀ဝိ/-) ကျပ်၊ ဆပ်ပြာ(၇) တောင့်နှင့် နှာခေါင်းစည်း(၃၂)ခုတို့ကို (၂၅-၇-၂၀၂၀) ရက်နေ့၊ (၁၁:၄၈) နာရီအချိန်တွင် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_drg
#sgg _jul2020