(၂၅-၇-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှမ်းပြည်နယ်အစိုးရ အဖွဲ့၏ ကြီးကြပ်မှုဖြင့် ပင်းတယမြို့နယ်၊ ပွေးလှစျေးနှင့် ဘော်ဆိုင်းစျေးတို့၌ (Covid-19) ရောဂါကူးစက်မှု ဒုတိယ လှိုင်းမဖြစ်ပွားစေရန် (Covid-19 ) ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများ Hand Speaker များဖြင့် လိုက်လံဟောပြောခြင်း၊ Mask နှင့် အသိပညာပေးလက်ကမ်း စာစောင်များပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)