(COVID-19) ရောဂါ၊ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၅-၇-၂၀၂၀)ရက်နေ့ (၁၀:၀၀)မှ(၁၃:၀၀)အချိန်ထိ မော်လမြိုင် မြို့နယ်၊ နောင်ခရီရပ်ကွက်နှင့် စမ်းကြီးရပ်ကွက်တို့တွင် (COVID-19) ကူးစက်မှုမဖြစ်ပွားစေရန် ကြိုတင်ကာကွယ် ရေးအသိပညာပေးခြင်းနှင့် မိုးရာသီကာလတွင် ဖြစ်ပွားတတ်သော မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းတို့အား ပြုလုပ်ခဲ့ပြီး ကျေးရွာနေပြည်သူများကို လက်ကမ်းစာစောင်များဖြန်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
#ar
#mon_jul2020
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events