လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရွှေကူမြို့၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ် (၃) ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်များတို့မှ (၂၄-၇-၂၀၂၀) ရက်နေ့တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ယာယီပြောင်းရွှေ့စခန်းများဖြစ်ကြသော ရွှေကူမြို့၊ မြဝတီဘုန်းတော်ကြီးကျောင်း၊ သူဌေးတောရ ဘုန်းတော် ကြီးကျောင်း၊အောင်တော်မူဘုန်းတော်ကြီးကျောင်း၊ ပုဗ္ဗာရုံဘုန်းတော်ကြီးကျောင်း၊ ဆွေမျိုးနေအိမ်နှင့် ရွှေမြင်း တတင်ခန်းမများရှိ စုစုပေါင်းအိမ်ထောင်စု (၂၉) စု၊လူဦးရေ (၁၃၃) ဦးတို့သည် အသီးသီးပြောင်းရွှေ့နေထိုင်လျက် ရှိပြီး (၂၅-၇-၂၀၂၀) ရက်နေ့ နံနက်(၁၀:၃ဝ) နာရီ အချိန်တွင် အိမ်ထောင်စု (၁) စုလျှင် ဆပ်ပြာ(၁)တောင့်နှုန်း ဖြင့် စုစုပေါင်းအိမ်ထောင်စု(၃၃)စုအတွက် ဆပ်ပြာ(၂၉)တောင့်၊ လူ(၁)ဦးလျှင် အဝတ်Mask(၁)ခုနှုန်းဖြင့် လူဦးရေ စုစုပေါင်း (၁၃၃)ဦးအတွက် အဝတ် Masks (၁၃၃)ခုနှင့် (၁)ဦးလျင် (၇)ရက်စာ ဆန်ဖိုးငွေ (၂,၁၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်းလူဦးရေ(၁၃၃)ဦးတို့အတွက် (၂၇၉,၃၀၀)ကျပ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ရွှေကူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)