ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဝါရာဇွက်ကျေးရွာအုပ်စု၊ ရှဒူဇွပ်ကျေးရွာတွင် (၂၁-၇-၂၀၂၀)ရက်နေ့မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုနှင့် တောင်ကျရေများဝင်ရောက်မှုကြောင့် မိုးကောင်းချောင်းရေ မြင့်တက်လာသဖြင့် ဘေးသင့်အိမ်ထောင်စု(၁၀၃)စု၊ လူဦးရေ(၄၉၀)ဦးတို့အတွက် ဆန်ရိက္ခာ (၇)ရက်စာထောက်ပံ့ဖိုးငွေ (၁,၀၂၉,၀၀ဝိ/-) ကျပ်၊ မျှောပါပျက်စီး အိမ်ထောင်စု(၈)စုအတွက် အိမ်ထောင်စု(၁)စုလျှင် (၁၀၀,၀၀ဝိ/-) ကျပ်နှုန်းဖြင့် (၈၀၀,၀၀ဝိ/-) ကျပ်၊ ကယ်ဆယ်ရေး ပစ္စည်း(၁၇)မျိုး၊ အိမ်ထောင်စု(၈)စုစာနှင့် အရေးပေါ်အသုံးပြုရန် ဖိုက်ဘာစက်လှေ (၁)စီး တို့အား (၂၅-၇-၂၀၂၀) ရက်နေ့တွင် ကချင်ပြည်နယ်ဦးစီးမှူးရုံး၌ ရှဒူဇွပ်ကျေးရွာ အုပ်ချုပ်ရေးမှူးအား လွဲပြောင်းပေးအပ်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_drg
#kcn _jul2020

Sign Up

Upcoming Events