COVID-19ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ခြင်းများ ဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ် ၊သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၇-၂၀၂၀)ရက်နေ့၊ (၀၉:၃၀) နာရီအချိန်မှ (၁၂:၃၀) နာရီအချိန်ထိ ဘီးလင်းမြို့နယ်၊ ဇွဲကလာကျေးရွာအုပ်စုအတွင်းရှိ ဇွဲကလာကျေးရွာနှင့် ဇုတ်က္ကလိကျေးရွာ အုပ်စုအတွင်းရှိ ဇုတ်က္ကလိကျေးရွာတို့တွင် COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်ပြီး သိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပညာပေးကြေငြာချက်များ၊ မိုးကြိုးဘေး ၊မုန်တိုင်းဘေး ၊ရေဘေး၊ မြေပြိုဘေးတို့နှင့်စပ်လျဉ်း၍ ဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်ပါ အချက် အလက်များကို အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ar
#mon _jul2020

Sign Up

Upcoming Events