မြေအက်ကွဲ၍မြေသား‌လျောကျမှုကြောင့်ရွေ့ပြောင်းအိမ်ခြေများအတွက်ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၇-၂၀၂၀) ရက်နေ့ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၊ မှော်သစ်ကုန်းရပ်ကွက် အပိုင်းတွင် မြေအက်ကွဲ၍ မြေသား‌လျောကျမှုဖြစ်ပေါ်ခဲ့မှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွေ့အိမ်ခြေ(၃၉)လုံး၊ အိမ်ထောင်စု(၃၉)စုမှ လူဦးရေ(၁၅၉)ဦးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၃,၉၀၀,၀၀ဝ/-) ကျပ်နှင့် ဆန်ရိက္ခာဖိုး(၇)ရက်စာ ထောက်ပံ့ငွေ (၃၃၃,၉၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄,၂၃၃,၉၀ဝ/-) ကျပ်တိတိအား (၂၄-၇-၂၀၂၀) ရက်နေ့၊ (၁၂:၃၀) နာရီအချိန်တွင် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_lsd
#kcn_jul2020

Sign Up

Upcoming Events