COVID-19ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ခြင်းများ ဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၇-၂၀၂၀) ရက်နေ့၊ ဇလွန်မြို့နယ်၊ ပျဥ်းမကုန်းအရှေ့အုပ်စု၊ ငြိမ်းချမ်းဦး၊ ရွာမကျေးရွာနှင့် ပျဥ်းမကုန်းအနောက်အုပ်စု၊ ညောင်ကုန်း၊ ကျုံမကျေးရွာတို့တွင် နံနက် (၀၈:၀၀)နာရီအချိန်မှ (၁၁:၀၀)နာရီအချိန်ထိလည်းကောင်း၊ ဟင်္သာတမြို့နယ်၊ (ကနောင်စု နှင့်မြဝတီ) ရပ်ကွက် တို့တွင် ည (၁၈:၀၀) နာရီအချိန်မှ (၂၀:၀၀) နာရီအချိန်ထိလည်းကောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန် (ဒုတိယအကြိမ်) အသိပညာပေးခြင်းလုပ်ငန်းများနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် Covid -19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ (၁၄-၇-၂၀၂၀) ရက်နေ့အထိ ထုတ်ပြန် ပြီးဖြစ်သည့် တားမြစ်မိန့်နှင့် ညွန်ကြားချက်အားလည်းကောင်း၊ ရာသီအလိုက် ဖြစ်ပွား တတ်သော သဘာဝဘေးများအန္တရာယ်များနှင့် ပတ်သက်သည့် သဘာဝဘေး အသိပညာပေး ခြင်းတို့အားလည်းကောင်း၊ အများပြည်သူများသိရှိလိုက်နာရန် ကွင်းဆင်းလှည့်လှည်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#ayy_jul2020

Sign Up

Upcoming Events