ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာ၊ မြေပြိုကျမှုဖြစ်စဉ်တွင် သေဆုံးသူမိသားစုဝင် ထိခိုက်လွယ် အုပ်စုများအား ပံ့ပိုးကူညီရန် မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)က ပါဝင်လှူဒါန်း

 

ဇူလိုင်လ ၂၄၊ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များတွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာ ရတနာမြေတွင် ဖြစ်ပွားခဲ့သော မြေပြိုမှုကြောင့် အသက်ဘေးကြုံတွေ့ခဲ့ရသူများ၏ ကျန်ရစ်သော မိသားစုဝင်များကို ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထိုအစီအစဉ်တွင် ထိခိုက်လွယ်အုပ်စုဝင် မိသားစုဝင်များ (ကိုယ်ဝန်ဆောင်မိခင်များ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ)အတွက် ပံ့ပိုးကူညီရာ၌ အသုံးပြုနိုင်ရန် ထည့်ဝင်လှူဒါန်းငွေကျပ်သိန်း(၅၀)ကို မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) က ယနေ့နံနက်(၉)နာရီတွင် လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြား ကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

#hl1

#npw_jul2020

 

 

Source: MOSWRR

Sign Up

Upcoming Events