လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၇-၂၀၂၀)ရက်နေ့၊ (၀၉:၃၀)နာရီအချိန်မှစတင်၍ ရေကြည်မြို့နယ်၊ သစ်ငုတ္တထောင်ကျေးရွာအုပ်စု၊ သစ်ငုတ္တထောင်ကျေးရွာ၊ သစ်ငုတ္တအလယ်စုကျေးရွာနှင့် မယ်ကျက်မအိုင်ကျေးရွာတို့၌ COVID-19 ရောဂါ ဒုတိယလှိုင်း ကူးစက်မှုမဖြစ်ပွားစေရန် ဆောင်ရန်/ရှောင်ရန် အချက်များ၊ သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေး နှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_jul2020
Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)