လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၇-၂၀၂၀) ရက်နေ့၊ (၀၉:၃၀) အချိန်မှ (၁၅:၃၀) နာရီအချိန်အထိ လယ်ဝေးမြို့နယ်၊ ပြောင်ခေါင်းကြီကျေးရွာအုပ်စု၊ ပြောင်ခေါင်းကြီးကျေးရွာ၊ ပန်းတင်ကျေးရွာ၊ သာယာကြီကျေးရွာ၊ သော်မှော်ကုန်းကျေးရွာအုပ်စု၊ သော်မှော်ကုန်းကျေးရွာ၊ ကျွန်းကုန်းကျေးရွာ၊ ကံသာကျေးရွာများအတွင်းရှိ ပြည်သူများအား COVID-19 ရောဂါ ကူးစက် ပြန့်နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်း၊ မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သည့် ရေဘေး၊ မိုးကြိုးဘေး အန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက် ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။
#ar
#npw_Jul2020
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)