ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၇-၂၀၂၀) ရက်နေ့တွင် ဗန်းမော်မြို့၊ ဆင်ကုန်းရပ်ကွက်၊ ညောင်ပင်ရပ် ရပ်ကွက်၊ ပေါက်ကုန်ရပ်ကွက်နှင့် သီရိရပ်ကွက်တို့တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ပြောင်းရွှေ့အိမ်ထောင်စု (၉၄) စု၊ လူဦးရေ(၄၃၆)ဦးအတွက် အဝတ် mask (၄၃၆) ခု၊ ဆပ်ပြာတောင့်(၉၄)တောင့်နှင့် (၇) ရက်စာ ဆန်ဖိုးရိက္ခာငွေ (၉၁၅,၆၀၀) ကျပ်တို့ကို (၂၄-၇-၂၀၂၀) ရက်နေ့ (၁၅:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူ့ထံသို့ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_fld
#kcn_jul2020

Sign Up

Upcoming Events