ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ပြောင်​ရွှေ့အိမ်ထောင်စုများအား ထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၇-၂၀၂၀)ရက်နေ့၊ နံနက် (၁၀:ဝဝ) နာရီအချိန်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌနှင့်အတူ ‌ရွှေကူမြို့၊ အမှတ်(၂)ရပ်ကွက်၊ အမှတ် (၃) ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်တို့တွင် (၂၃-၇-၂၀၂၀) ရက်နေ့၌ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့်  ယာယီပြောင်းရွှေ့စခန်းများ ဖြစ် ကြ‌သော ရွှေကူမြို့၊ မြဝတီဘုန်းတော်ကြီးကျောင်း၊ သူဌေးတောရဘုန်းတော်ကြီးကျောင်း၊ အောင် တော်မူဘုန်းတော်ကြီးကျောင်း၊ ပုဗ္ဗာရုံဘုန်းတော်ကြီးကျောင်း၊ ဆွေမျိုးနေအိမ်နှင့် ရွှေမြင်းတတင်‌ ကျောင်းဓမ္မာရုံများရှိ စုစုပေါင်းအိမ်ထောင် စု(၃၃)စု၊ လူဦးရေ (၁၄၄) ဦး တို့အတွက် အိမ်ထောင်စု (၁)စုလျှင် ဆပ်ပြာ(၁)တောင့်နှုန်းဖြင့် စုစုပေါင်း အိမ်ထောင်စု (၃၃)စု အတွက် ‌ဆပ်ပြာ(၃၃) တောင့်၊ လူ(၁)ဦးလျှင် အဝတ် Mask (၁) ခုနှုန်းဖြင့် လူဦးရေစုစုပေါင်း (၁၄၄) ဦးအတွက် အဝတ် Masks (၁၄၄) ခုနှင့် (၁)ဦးလျင် (၇) ရက်စာ  ဆန်ဖိုးငွေ (၂၁၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်းလူဦးရေ (၁၄၄)ဦးတို့အတွက် (၃၀၂,၄၀၀)ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fld

#kcn_jul2020

Source: ရွှေကူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events