COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆပ်ပြာနှင့် ထုံးအိတ်များထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မံဝိန်းကြီးနှစ်ခြင်း IDPစခန်းရှိ အိမ်ထောင်စု(၂၄၃)စု၊ လူဉီးရေ(၁၁၆၅)ဦးတို့အတွက် Paris ဆပ်ပြာ (၁၁၆၅) ခဲ၊ COVID-19 အသိပညာပေးဗီနိုင်းပိုစတာ(၁)ချပ်နှင့် ထုံးအိတ်(၁၀)အိတ်တို့ကိုလည်းကောင်း၊ မံဝိန်းကြီးကက်သလစ် IDPစခန်းရှိ အိမ်ထောင်စု(၅၉၁)စု၊ လူဦးရေ(၃၁၉၇)ဦးတို့အတွက် Paris ဆပ်ပြာ(၃၁၉၇)ခဲ၊ COVID-19 အသိပညာပေးဗီနိုင်းပိုစတာ(၁)ချပ်နှင့် ထုံးအိတ်(၁၀)အိတ်တို့ကိုလည်းကောင်း (၂၃-၇-၂၀၂၀) ရက်နေ့၊ (၁၅:၃၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးမှတဆင့် IDP စခန်းတာဝန်ခံများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#kcn_jul2020

Source:           ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events