COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၃-၇-၂၀၂၀)ရက်နေ့၊ (၀၈:၀၀)နာရီအချိန်မှ (၁၁:၀၀)နာရီအချိန်အထိ ဇလွန်မြို့နယ်၊ ကတော့ကရက်အုပ်စု၊ ကတော့ကရက်၊  ခင်ပြည့်ကျေးရွာနှင့် စွံပိအုပ်စု၊ စွံပိ၊ မကျီးသုံးပင်ကျေးရွာတို့၌လည်းကောင်း၊ (၁၈:၀၀)နာရီအချိန်မှ (၂၀:၀၀)နာရီအချိန်အထိ ဟင်္သာတမြို့နယ်၊ တာကလေးနှင့် ပန်းဘဲတန်းရပ်ကွက်တို့၌လည်းကောင်း COVID-19 ရောဂါ ဒုတိယလှိုင်း ကူးစက်မှုမဖြစ်ပွား စေရန် ဆောင်ရန်/ရှောင်ရန်အချက်များ၊ ဧရာဝတီတိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ (၁၄-၇-၂၀၂၀)ရက်နေ့အထိ ထုတ်ပြန်ပြီးဖြစ်သည့် တားမြစ်မိန့်နှင့် ညွှန်ကြားချက်များ၊ ရာသီအလိုက်ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#ayy_jul2020

Source:           ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events