ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ပြောင်​ရွှေ့အိမ်ထောင်စုများအား ထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်၊ ပုလွေရွှေကျေး ရွာအုပ်စု၊​ ရေလယ်ကျွန်းကျေးရွာတွင် (၂၁-၇-၂၀၂၀) ရက်နေ့က ဧရာဝတီမြစ်ရေဝင်ရောက် မှုကြောင့် ပြောင်​ရွှေ့အိမ်ထောင်စု (၂) စုမှ လူဦးရေ (၉) ဦးအတွက် ၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၈၉၀၀) ကျပ်၊ အဝတ် Mask (၉) ခု၊ ဆပ်ပြာ (၂) တောင့်တို့အား (၂၃-၇-၂၀၂၀) ရက်နေ့၊ (၁၂:၀၀) နာရီအချိန်တွင် ၊ ဘေးသင့်ပြည်သူထံသို့ ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fld

#sgg_jul2020

Source: ကသာခရိုင်ဦးစီးမှူရုံး (ဘစမ)

Sign Up

Upcoming Events