လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဝိုင်းမော် မြို့နယ်ရှိ၊ မိုင်းနားကက်သလစ်၊ မိုင်းနား AG၊ မိုင်းနားလဝမ်၊ မိုင်းနားဖွံ့ဖြိုးရေးခြံစခန်းတို့ရှိ တိုက်ပွဲရှောင် ပြည်သူများအတွက် ဆပ်ပြာ (၃၀၀၀) ခဲ၊ ထုံး(၄၀) အိတ်၊ နှာခေါင်းစည်းတပ်ဆင်နည်းဗွီနိုင်း (၄) ခုတို့အား (၂၁-၇-၂၀၂၀) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#kcn_Jul2020
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)