လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာအုပ်စု၌ (၂၂-၇-၂၀၂၀) ရက်နေ့၊ (၁၆:၃၀) နာရီအချိန်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့် ပြိုကျပျက်စီးနေအိမ် (၃) လုံးနှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၁၀) လုံးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁,၁၈၀,၀၀၀/-) ကျပ်နှင့် လူဉီးရေ (၄၃) ဉီးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၉၀,၃၀၀/-) ကျပ်၊ ဒဏ်ရာရ (၃) ဉီးအတွက် ထောက်ပံ့ငွေ (၁၅၀,၀၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁,၄၂၀,၃၀၀/-) ကျပ်နှင့် ပြိုကျအိမ်ထောင်စု (၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁) အိမ်ထောင်စာ၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂) အိမ်ထောင်စာတို့အားလည်းကောင်း၊ အိမ်ထောင်စု (၁၃) စုအတွက် အိမ်ထောင်စု (၁) စုလျှင် ဆန် (၈) ပြည်၊ ဆီ (၁) လီတာ (၂) ဗူး၊ ဆား (၃) ထုပ်နှင့် ပဲ (၂) ပိဿာတို့အား မွန်ပြည်နယ်အစိုးရအဖွဲ့မှလည်းကောင်း (၂၃-၇-၂၀၂၀) ရက်နေ့ (၁၂:၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw
#mon_Jul2020

Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events