ချင်းတွင်းမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ညောင်ဇောက်ကျေးရွာ အုပ်စု၊ ကျောမကြားကျေးရွာတွင်(၂၂-၇-၂၀၂၀) ရက်နေ့၊ (၁၀:၃၀) အချိန်၌ ချင်းတွင်းမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ လူနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၆) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀ဝိ/-)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၁၂,၆၀ဝိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၁၂,၆၀ဝိ/-) ကျပ်တို့အား(၂၃-၇-၂၀၂၀)ရက်နေ့၊(၁၄:၀၀) နာရီအချိန်တွင် ရေစကြိုမြို့နယ် အ‌‌ထွေထွေအုပ်ချုပ်‌ရေးရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_rbe
#mgy_Jul2020

Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events