လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Irrawaddy Green Towers Co.Ltd. နှင့်ပူးပေါင်း၍ (၂၂-၇-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) အချိန်မှ (၁၆:၀၀) နာရီအချိန်အထိ သံတွဲခရိုင် ၊ သံတွဲမြို့၊ အမှတ် (၅) ရပ်ကွက်၊ အမှတ် (၆) ရပ်ကွက်၊ အမှတ် (၇) ရပ်ကွက်၊ အမှတ် (၈) ရပ်ကွက်တို့တွင် COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်း၊ သဘာဝဘေးအသိပညာပေးခြင်း၊ လက်ကမ်း စာစောင်ဝေငှပေးခြင်းနှင့် ခရိုင်/မြို့နယ့်အဆင့် ဌာနဆိုင်ရာရုံးများသို့ Covid-19 ကြိုတင် ကာကွယ်ရေး အထောက်အကူပြုပစ္စည်းပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#rke_Jul2020
Source: သံတွဲခရိုင်ဦးစီးမှူးရုံး(ဘစမ)