လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံမှ တာဝန်ရှိသူများသည် (၂၂-၇-၂၀၂၀) ရက်နေ့တွင် ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မံစီနှစ်ခြင်း IDP စခန်း အိမ်ထောင်စု (၁၇၇) စု၊ လူဉီးရေ (၇၈၃) ဦးတို့အတွက် Paris ဆပ်ပြာ (၇၈၃) ခု၊ Covid-19 ပညာပေးဗီနိုင်း (၁) ချပ်နှင့် ထုံးအိတ် (၁၀) အိတ်တို့အား လည်းကောင်း၊ မိုင်းခေါင်နှစ်ခြင်း IDP စခန်း အိမ်ထောင်စု (၃၆၅) စု၊ လူဦးရေ (၁၅၈၆) ဦးတို့အတွက် Paris ဆပ်ပြာ (၁၅၈၆) ခု၊ Covid-19 ပညာပေးဗီနိုင်း (၁) ချပ်နှင့် ထုံးအိတ် (၁၀) အိတ်နှင့် မိုင်းခေါင် ကက်သလစ် IDP စခန်း အိမ်ထောင်စု (၁၅၄) စု၊ လူဦးရေ (၇၁၇) ဦးတို့အတွက် Paris ဆပ်ပြာ (၇၁၇) ခု၊ Covid-19 ပညာပေးဗီနိုင်း (၁) ချပ်နှင့် ထုံးအိတ် (၁၀) အိတ်တို့အားလည်းကောင်း (၂၂-၇-၂၀၂၀) ရက်နေ့ (၀၈:၃၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#otr
#kcn_Jul2020
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ဘစမ)