ပြောင်းရွှေ့အိမ်ထောင်စုများအတွက် ထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံမှ တာဝန်ရှိသူများသည် (၂၂-၇-၂၀၂၀) ရက်နေ့တွင် ဗန်းမော်မြို့၊ နှစ် ၂၀၀၀ IDP စခန်းမှ (၃) မိုင် ရွှေပြည်သာရပ်ကွက်သို့ ပြောင်းရွေ့အိမ်ထောင်စု (၁၁)စု၊ လူဦးရေ (၆၉) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၁၁)ပုံး၊ (ဆန်၊ဆီ၊ဆား၊ပဲ)(၁)လစာ တန်ဖိုးငွေ (၇၉၅,၉၂၅/-) ကျပ်နှင့် ပြောင်းရွှေ့စရိတ် (၁) အိမ်ထောင်လျှင် (၁၀၀,၀၀၀/-) နှုန်းဖြင့် (၁,၁၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁,၈၉၅,၉၂၅/-) ကျပ်တို့အား (၂၂-၇-၂၀၂၀) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် ပြောင်းရွှေ့ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။

#otr
#kcn_Jul2020

Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events