
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၇-၂၀၂၀) ရက်နေ့ ၊ မနက် (၀၉:၃၀) နာရီအချိန်မှစ၍ နေ့လည် (၁၂:၀၀) နာရီအချိန်အထိ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ရွှေလောင်းကျေးရွာအုပ်စုရှိ ရွှေလောင်းရွာမ၊ ချောင်းကြီးကျေးရွာ၊ ရေကျော်ကျေးရွာ၊ စစ်တန်းကျေးရွာ၊ ချောင်းဝကျေးရွာတို့တွင် လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော Covid-19 ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ (၃၀-၆-၂၀၂၀) ရက်နေ့အထိ ထုတ်ပြန်ပြီးဖြစ်သည့် တားမြစ်မိန့်နှင့် ညွှန်ကြားချက်များအားလည်းကောင်း ရာသီအလိုက်ဖြစ်ပွားတက်သော သဘာဝဘေးအန္တရာယ်များနှင့် ပတ်သတ်သည့် သဘာဝဘေးအသိပညာပေးခြင်းတို့အားလည်းကောင်း အများပြည်သူများသိရှိလိုက်နာရန် ကွင်းဆင်းလှည့်လည်၍ အသိပညာပေးခြင်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#ayy_jul2020