လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနနှင့်ပူးပေါင်း၍ (၂၂-၇-၂၀၂၀) ရက်နေ့တွင် မေတ္တာကုန်းကျေးရွာအုပ်စုရှိ မေတ္တာကုန်းကျေးရွာ၊ ဘာသာကုန်းကျေးရွာ၊ သုံးအိမ်တန်းကျေးရွာ၊ တာကန့်လန့်ကျေးရွာများတို့တွင် Covid-19 ရောဂါနှင့် ပတ်သက်၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေးဆောင်ရန်/ ရှောင်ရန် အချက်အလက်များနှင့် မိုးတွင်းကာလအတွင်း ဖြစ်ပွားသော ဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များကို ပြည်သူများ အလွယ်တကူသိရှိ လိုက်နာနိုင်ရေးအတွက် အသံချဲ့စက်ဖြင့် လှည့်လည်၍ အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_Jul2020
Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး(ဘစမ)