လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၂၁-၇-၂၀၂၀)ရက်နေ့၊ နံနက် (၀၈:၀၀)နာရီအချိန်မှ ညနေ(၁၆:၀၀)နာရီအချိန်ထိ Irrawaddy Green Towers Ltd နှင့် ပူးပေါင်း၍ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (Covid-19) ကြိုတင်ကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများပေးအပ်ခြင်း၊ Covid-19 နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်း များ ဆောင်ရွက်ခြင်းနှင့် လက်ကမ်းစာစောင်များပေးဝေခြင်းတို့ကို သံတွဲခရိုင် ၊ သံတွဲမြို့၊ ဒွါရာ ဝတီမြို့မဈေးနှင့် ရပ်ကွက် (၁၊၂၊၃၊၄) တို့၌ဆောင်ရွက်ခဲ့ပြီး၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာ ရုံးများ၊ အ.ထ.က၊ ထ(ခွဲ)စာသင်ကျောင်းများနှင့် ဈေးအတွင်း ပြည်သူတို့အား covid-19 အထောက်အကူပြုပစ္စည်းများ ပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#rke_jul2020
Source: သံတွဲခရိုင်ဦးစီးမှုးရုံး (ဘစမ)