ရေဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခန္တီးမြို့နယ်၊ ရွှေပြည်သာကျေးရွာအုပ်စု၊ ချောင်းသာကျေးရွာ၌ (၂၁-၇-၂၀၂၀) ရက်နေ့တွင် နန်ခမာချောင်းရေ ကျဆင်းမြင့်တက်လာမှုကြောင့် ရေဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၅) စု၊ လူဦးရေ (၂၀) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၂,၀၀ဝ/-) ကျပ်၊ ဆပ်ပြာ (၅) တောင့်နှင့် နှာခေါင်းစည်းအခု (၂၀) တို့အား (၂၂-၇-၂၀၂၀) ရက်နေ့၊ (၀၉:၃၀) နာရီအချိန်တွင် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းနှင့် အမြန်ရေယာဉ်ဆိပ်များတွင် ရေဘေးအသိပညာပေးစာစောင် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။

#ha_fld
#sgg_Jul2020

Source: ခန္တီးခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events