COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီးဌာန၊ ဘောလခဲခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁.၇.၂၀၂၀)ရက်နေ့တွင် ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအုပ်စု၊ နန်းဖဲကျေးရွာ၊ ဘူးခူကျေးရွာ၊ စလဲလုံကျေးရွာ၊ ဘောလခဲမြို့၊ ကယားပိုင်းရပ်ကွက်နှင့် ရှမ်းပိုင်းရပ်ကွက်များရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွား စေရန်အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေး အန္တရာယ်နှင့် စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#kyh_jul2020

Source: ဘောလခဲခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events