လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည်(၂၀-၇-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် Irrawaddy Green Towers Ltd နှင့်ပူးပေါင်း၍ ကိုရိုနာဗိုင်းရပ်စ်ရောဂါ Covid-19 ကြိုတင်ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများကို သံတွဲခရိုင် ၊ သံတွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်သော မြို့နယ်စေတနာ့ဝန်ထမ်း ပံ့ပိုးကူရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဖွင့်လှစ်သော မြို့နယ်စေတနာ့ဝန်ထမ်း (ဆင့်ပွား) သင်တန်း၌ လှူဒါန်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#otr
#rke_jul2020
Source: သံတွဲခရိုင်ဦးစီးမှုးရုံး (ဘစမ)