Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်း ဘေးနှင့်ပတ်သက်ပြီး ဆောင်ရန် /ရှောင်ရန်များအား အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၂၁-၇-၂၀၂၀)ရက်နေ့ နံနက် (ဝ၈:၀၀) နာရီအချိန်မှ (၁၁:၀၀)နာရီအချိန်အထိ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ ဗျင်း ညားအုပ်စု၊ (ဗျင်းညား၊ အရှေ့စု၊ အလယ်စု၊ ဗျင်းညားကြီး) ကျေးရွာတို့တွင်လည်းကောင်း၊ ဟင်္သာတမြို့နယ်၊ (ဥယျာဉ်တောင်၊ ဥယျာဉ်မြောက်) ရပ်ကွက် တို့တွင် ည (၁၈ : ၀၀)နာရီမှ(၂၀: ၀၀) နာရီအချိန်အထိလည်းကောင်း  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော Covid-19   ကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန် အသိပညာပေးခြင်းလုပ်ငန်းများနှင့် ရာသီ အလိုက်ဖြစ်ပွားတတ်သော (မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေးနှင့်ပတ်သတ်ပြီး ဆောင်ရန် /ရှောင်ရန်များအားလည်းကောင်း၊ အများပြည်သူများသိရှိလိုက်နာရန် ကွင်းဆင်းလှည့်လှည်၍ အသိပညာပေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#ayy_jul2020

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events