လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ မြေနုကျေးရွာ
၌ (၂၁-၇-၂၀၂၀) ရက်နေ့တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ဘေးသင့် အိမ်ထောင်စု (၂၇) စု၊ လူဦးရေ (၉၈) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၀၅,၈၀ဝ/-) ကျပ်တို့အား (၂၁-၇-၂၀၂၀) ရက်နေ့၊ (၁၃:၃၀) နာရီအချိန်တွင် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိ ပါသည်။
#ha_fld
#mgy_Jul2020
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)