COVID-19 ကူးစက်မြန်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေး အသိပညာ ပေးခြင်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၇-၂၀၂၀) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ဖန်ခါးပင်ကျေးရွာအုပ်စု၊ ဖန်ခါးပင်ရွာ၊ ကြို့ပင် ကုန်းရွာ၊ ကျောင်းကုန်းရွာ၊ မကျီးကုန်းရွာ၊ ခြောက်အိမ်တန်းရွာ၊ ညောင်ပင်ကုန်းရွာ၊ သာယာကုန်းရွာ၊ ကျောက်မစင်ကုန်းရွာ၊ ရွှေတောင်စုရွာ၊ ညောင်ပင်ကားယားရွာ၊ ကျွန်းကုန်းကျေးရွာတို့တွင် Covid-19 ရောဂါကူးစက်မှု မဖြစ်ပွားစေရန်နှင့် မိုးတွင်းကာလအတွင်းဖြစ်ပွားသော ဘေးအန္တရာယ်များနှင့် ပတ်သက်၍ ပြည်သူများအား အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းနှင့် ပိုစတာ ကပ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#bgo_Jul2020

Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events