
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လိုက်မြို့နယ်၊ ဝါးရုံသာကျေးရွာအုပ်စု၊ အင်ကုန်းကျေးရွာ၊ မြို့မ(၁) ရပ်ကွက်၊ စွတော်ရပ်တို့တွင် (၁၈-၇-၂၀၂၀) နှင့် (၁၉-၇-၂၀၂၀) ရက်နေ့တို့တွင် ချင်းတွင်းမြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းအိမ်ထောင်စု (၂) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀) လူဦးရေ (၁၆) ဦး အတွက်ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၃၃,၆၀၀)ကျပ်၊ စုပေါင်းထောက်ပံ့ငွေ(၂၃၃,၆၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး နှင့် အိမ်ထောင်စု (၂) စာအား (၂၁-၇-၂၀၂၀) ရက်နေ့ (၁၃:၃၀) နာရီအချိန်တွင် မြိုနယ်အုပ်ချုပ်ရေးမှူးနှင့်အတူ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_rbe
#sgg_jul2020