လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၂၁-၇-၂၀၂၀) ရက်နေ့တွင် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ နှစ်ခြင်း IDP စခန်း၊ အိမ်ထောင်စု (၄၀၄) စု၊ လူဦးရေ (၁,၉၀၅) ဦးတို့အတွက် Paris ဆပ်ပြာ (၁၉၀၅) ခုနှင့် ထုံးအိတ် (၁၀) အိတ်၊ ကက်သလစ် IDP စခန်းအိမ် ထောင်စု (၈၈) စု၊ လူဦးရေ (၄၁၄) ဦးအတွက် Paris ဆပ်ပြာ (၄၁၄) ခု၊ ထုံးအိတ် (၁၀) အိတ်နှင့် မိုးမောက် IDP စခန်းနှစ်ခုအတွက် covide – 19 ပညာပေးဗီနိုင်း စခန်း(၁)ခု ကို (၁) ခု နှုန်းဖြင့် (၂) ခုတို့အား (၂၁-၇-၂၀၂၀)ရက်နေ့၊ (၀၉:၃၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#otr
#kcn_jul2020
Source: ဗန်းမော်ခရိုင်ဦးစီးမှုးရုံး (ဘစမ)