၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၂၁)ရက်နေ့ (၁၃)နာရီ အချိန်တွင် မြစ်ရေကြီးခြင်းသတိပေးချက်များ

=========================================

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၂၁)ရက်နေ့ (၁၃)နာရီ အချိန်တွင် မြစ်ရေကြီးခြင်းသတိပေးချက် များကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။
ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ကသာမြို့ တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၁)ပေခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။

ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ချင်းတွင်း မြစ်ရေ သည် ခန္တီးမြို့တွင် (၂)ပေခွဲခန့်နှင့် ဟုမ္မလင်းမြို့တွင် (၁)ပေခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအောက် တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေများသည် နောက်(၂)ရက်အတွင်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးသို့ ရောက်ရှိနိုင်ပါသည်။
သို့ဖြစ်ပါ၍ ကသာမြို့နယ်၊ ခန္တီးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ် များအတွင်းရ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။

Sign Up

Upcoming Events