လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၇-၂၀၂၀) ရက်နေ့ တွင် Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ မြစ်ကြီးနားမြို့နယ်ရှိ၊ လယ်ကုန်းဇီးအုန်၊ လယ်ကုန်းမလိယန်၊ လယ်ကုန်းဗက်လင်၊ စီတာပူသီတာအေး၊ စီတာပူဆွတ်ငိုင်တောင် စခန်းတို့အား ဆပ်ပြာ (၂၄၆၈) ခဲ၊ ထုံး (၅၀) အိတ်၊ နှာခေါင်းစည်းတပ်ဆင်နည်းဗွီနိုင်း (၅) ခုတို့အား တိုက်ပွဲရှောင်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#otr
#kcn_jul2020
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)