လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံး မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ (၂၀-၇-၂၀၂၀) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီချိန်မှ နေ့လယ် (၁၃:၀၀)နာရီချိန်အထိ တောကျဲကျေးရွာအုပ်စုရှိ တောကျဲ ကျေးရွာနှင့် သဝင်ကျေးရွာမှ ပြည်သူများအား COVID-19 ကူးစက်မြန်ရောဂါပြန့်ပွားမှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ရမည့်အချက်များနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားတက်သော သဘာဝဘေးအန္တရာယ်များဖြစ်သည့် မြေပြိုဘေး၊ ရေဘေး၊ မိုးကြိုး ဘေး၊ လေပြင်းဘေးများနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန် အချက်များအား အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင် များနှင့် ဗီနိုင်းပိုစတာများလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်း ရရှိပါသည်။
#ar
#tny_jul2020
Source: လောင်းလုံးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)