လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြို မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ နွယ်နီကျေးရွာအုပ်စု၊ နွယ်နီကျွန်းကျေးရွာနှင့် မအူအောက်ဆိပ်ကျေးရွာ အုပ်စု၊ မအူငယ်ကျေးရွာတို့တွင် (၁၆-၇-၂၀၂၀) ရက်နေ့၊ (၀၈:၀၀)နာရီအချိန်၌ ချင်းတွင်းမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ လူနေအိမ် (၅)လုံး၊ အိမ်ထောင်စု(၅)စု၊ လူဦးရေ (၁၈)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာဖိုး(၃၇၈၀ဝ/-)ကျပ်၊ စုစုပေါင်းကျပ်(၅၃၇၈၀ဝ/-)ကျပ်အား(၁၆-၇-၂၀၂၀)ရက်နေ့၊ (၁၅:၀၀)အချိန်တွင် ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ရုံးမှ တာဝန်ရှိသူနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#mgy_jul2020
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)