လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၂-၇-၂၀၂၀)ရက်နေ့မှ(၁၅-၇-၂၀၂၀)ရက်နေ့ထိ ဧရာဝတီမြစ်မြစ်ရေမြင့်တက်မှုကြောင့် ဗန်းမော်မြို့နယ်၊ မင်းကျောင်းကုန်း ရပ်ကွက်၊ ဆင်ကုန်းရပ်ကွက်၊ ညောင်ပင်ရပ်ရပ်ကွက်၊ အလယ်ရပ်ရပ်ကွက်၊ မိုင်းကာကျေးရွာ၊ မံမင်ကျေးရွာ၊ ငပျောတောကျေးရွာ၊ လက်ပံတန်းကျေးရွာနှင့် စင်းခမ်းကျေးရွာတို့မှ စုစုပေါင်း အိမ်ထောင်စု (၂၉၈) စု၊ လူဦးရေ (၁၅၁၉) ဦးတို့အတွက် (၇) ရက်စာဆန်ဖိုးငွေ(၃,၁၈၉,၉၀ဝ/-) ကျပ်၊ အဝတ်mask လူ (၁) ဦး (၁) ခုနှုန်းဖြင့် (၁၅၁၉) ခုနှင့် အိမ်ထောင်စု(၁)စုလျှင် ဆပ်ပြာချောင်း (၁) ချောင်းနှုန်းဖြင့် (၂၉၈) ချောင်းတို့အား (၁၆-၇-၂၀၂၀)ရက်နေ့၊ (၁၃:၃၀) နာရီ အချိန်တွင့် ဘေးသင့်ကျေးရွာပြည်သူ့ထံသို့ အရောက်သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိ ပါသည်။
#ha_fld
#kcn_jul2020
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)