လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၇-၂၀၂၀) ရက်နေ့ (ဝ၈:၃၀) နာရီအချိန် မှစ၍ (၁၂:၀၀)အချိန်အထိ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ပျဉ်းမ ချောင်းရပ်ကွက်၊ ညောင်ပင်ရပ်ကွက် နှင့် ဇလွန်မြို့နယ်၊ ညောင်ပင်ဈေး ရပ်ကွက်၊ လမ်းမတော် (တောင်) ရပ်ကွက်၊ လမ်းမတော်မြောက် ရပ်ကွက်၊ ဆန်တမ်းရပ်ကွက်တို့အတွင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော (Covid-19) ကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန် အသိပညာပေးခြင်းလုပ်ငန်းများနှင့် ရာသီအလိုက် ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များ (မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေး) နှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များကို အများပြည်သူများ သိရှိလိုက်နာရန် ကွင်းဆင်းလှည့်လည်၍ အသိပညာပေး လုပ်ငန်း များပြုလုပ်ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)