လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ် ၊သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၇-၂၀၂၀)ရက်နေ့၊ (၀၉:၃၀) နာရီအချိန်မှ (၁၂:၃၀) နာရီအချိန်ထိ ဘီးလင်းမြို့နယ်၊ မုသင် ကျေးရွာအုပ်စုအတွင်းရှိ မုသင်ကျေးရွာ၊ သာယာကုန်းကျေးရွာ၊ ဝိုင်းပတ်ကျေးရွာနှင့်ရွာလေး ကျေးရွာတို့တွင် COVID-19 အသက်ရှူလမ်း ကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်ပြီး သိရှိလိုက်နာ နိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပညာပေး ကြေငြာ ချက်များ၊ မိုးကြိုးဘေး ၊မုန်တိုင်းဘေး ၊ရေဘေး ၊ မြေပြိုဘေးတို့နှင့် စပ်လျဉ်း၍ ဌာနမှထုတ်ပြန် ထားသည့် လက်ကမ်းစာစောင်ပါ အချက်အလက်များကို အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mon_jul2020
Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)