ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

 
 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေကူမြို့၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂) ရပ်ကွက်၊ အမှတ် (၃) ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ ရွှေကူမြို့နယ်၊ တောပုန်း ကျေးရွာနှင့် ကျောက်ကြီး ကျေးရွာအုပ်စု၊‌ ကျောက်တလုံးကျေးရွာ များတို့တွင် (၁၁-၇-၂၀၂၀) ရက်နေ့မှ (၁၅-၇-၂၀၂၀) ရက်နေ့အထိ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ယာယီပြောင်းရွှေ့စခန်း များဖြစ်ကြ‌သော ရွှေကူမြို့၊ မြဝတီ ဘုန်းတော်ကြီးကျောင်း၊ သူဌေးတောရဘုန်းတော်ကြီးကျောင်း၊ အောင်တော်မူဘုန်းတော်ကြီး ကျောင်း၊ ပုဗ္ဗာရုံဘုန်းတော်ကြီးကျောင်း၊ ဆွေမျိုးနေအိမ်နှင့် ကျောက်တလုံးဘုန်းကျောင်းဓမ္မာရုံများရှိ စုစုပေါင်း အိမ်ထောင်စု (၄၃) စု၊ လူဦးရေ (၂၀၆) ဦးတို့သည် အသီးသီးပြောင်းရွှေ့နေထိုင်လျက်ရှိရာ (၁၅-၇-၂၀၂၀) ရက် (၁၄:၃ဝ) နာရီအချိန်တွင် အိမ်ထောင်စု (၁) စုလျှင် ဆပ်ပြာ (၁) တောင့်နှုန်းဖြင့် စုစုပေါင်း အိမ်ထောင်စု (၄၃) စုအတွက် ဆပ်ပြာ (၄၃) တောင့်၊ လူ (၁) ဦးလျှင် အဝတ်Mask (၁) ခုနှုန်းဖြင့် လူဦးရေ စုစုပေါင်း(၂၀၆) ဦးအတွက် အဝတ် Masks (၂၀၆)ခုနှင့် (၁)ဦးလျှင် (၇)ရက်စာ ဆန်ဖိုးငွေ (၂,၁၀၀) ကျပ် နှုန်းဖြင့် စုစုပေါင်းလူဦးရေ(၂၀၆)ဦးတို့အတွက် (၄၃၂,၆၀၀)ကျပ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ha_fld
#kcn_jul2020
 
 
Source: ရွှေကူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events