လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၇-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သော ရေဘေး ကြောင့် ကသာမြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်၊ မြေနုကျေးရွာအုပ်စု၊ မြေနုကျေးရွာ၊ ကျောက်ထုံးကြီးကျေးရွာ အုပ်စု၊ ဂွေ့ကြီးကျေးရွာ၊ အောက်သဖန်းဒေါင့်ကျေးရွာ၊ အထက်သဖန်းထောင့်ကျေးရွာ၊ မိုးတားလေး ကျေးရွာအုပ်စု၊ အလယ်ရပ်၊ ကယ်ဆယ်ရေး စခန်းများရှိ ရေဘေးသင့်အိမ်ထောင်စု (၁၂၉)စု၊ လူဦးရေ (၆၃၇) ဦးတို့အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၁,၃၃၇,၇၀၀) ကျပ်၊ ဆပ်ပြာ (၁၂၉) တောင့်၊ အဝတ် mask (၁၂၉) ခုနှင့် ဂွေ့ကြီးကျေးရွာမှ ကြိုတင် ဖျက်သိမ်းအိမ်ထောင်စု (၄) စုမှ လူဦးရေ (၂၄) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၅၀,၄၀၀) ကျပ်၊ အဝတ် mask (၂၄)ခုနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး ၊ စုစုပေါင်း (၁,၇၈၈,၁၀၀)ကျပ်တို့ကို (၁၅-၇-၂၀၂၀) ရက်နေ့ (၁၅:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးမှတဆင့် ဘေးသင့်ပြည်သူထံသို့ ထောက်ပံ့ပေးခဲ့ ကြောင်း သိရှိရပါသည်။
Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)