Covid-19 ကူးစက်ရာဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၁-၇-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ UNDP၊ UNICEF၊ ​အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ စေတနာ ပရဟိတအသင်းမှ Volunteer များ၊ ​​စျေး​ကော်မတီဝင်များနှင့်ပူးပေါင်း၍ Covid-19 ​ရောဂါ ကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွား​စေရန် Corona Virus Covid-19 ​ရောဂါကြိုတင်ကာကွယ်​ရေးအသိပညာ​ပေး Campaign အစီအစဥ်အား မူဆယ်မြို့နယ်၊ ​​​​​စျေးရပ်ကွက်ရှိ အမှတ်(၁)​စျေးတွင် ပြည်သူများသို့အသိပညာပေးခြင်း၊ Mask ၊ ဆပ်ပြာ၊ လက်ကမ်းစာစောင်များပေးဝေခြင်း၊ အသံချဲ့စက်ဖြင့်နှိုး​ဆော်ခြင်းနှင့် ဗွီနိုင်း၊ ပိုစတာကပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

#ar

#shn_jul2020

Source: မူဆယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events