လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၇-၂၀၂၀) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စေတီခုံကျေးရွာအုပ်စုရှိ စေတီခုံကျေးရွာ၊ရှမ်းကွင်းကျေးရွာ၊ ကျောက်ကြီးမြှောင်ကျေးရွာ၊ ရွာသာကုန်းကျးရွာ၊ ငှက်ပျောတောကျေးရွာ၊ ထန်းပင်ကုန်းကျေးရွာ၊ မြေနီတောင်ကျေးရွာ၊ တူးမြောင်ကျေးရွာ၊ ဒေါင့်ကြီးကျေးရွာများ၊ လှည်း မှောက်ကျေးရွာအုပ်စုရှိ လှည်းမှောက်ကျေးရွာ၊ သပြေပင်ကျေးရွာ၊ ရေထွက်ခုံကျေးရွာ၊ စောပြာ ကျေးရွာကျေးရွာ၊ ကုန်းကြီးကျေးရွာ၊ မဲဇလီကျင်းကျေးရွာများ၌ Covid-19 ရောဂါနှင့်ပတ်သက် ၍ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေး ဆောင်ရန်/ရှောင်ရန်အချက် အလက်များနှင့် မိုးတွင်းကာလဖြစ်ပွာသော ဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များကို ပြည်သူများ အလွယ်တကူသိရှိ လိုက်နာနိုင်ရေးအတွက်လှည့်လည်၍ အသံ ချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_jul2020
Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)