Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၇-၂၀၂၀)ရက် နေ့၌ သရက်ချောင်းမြို့နယ်အတွင်းရှိ ကဇိတံတားဦးကျေးရွာနှင့် ကဇိထဲကျေးရွာတို့တွင် လော်စ ပီကာ၊ Memory stickနှင့် Hand Speaker တို့ဖြင့် Covid-19‌ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပက်သက်၍ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် မိုးရာသီကာလသို့‌ ရောက်ရှိ လာပြီဖြစ်သည့်အတွက် ရေဘေး၊ မြေပြိုဘေးနှင့် မိုးကြိုးဘေးစသည့် သဘာဝဘေးအန္တရာယ်နှင့် ပက်သက်သည့်ဆောင်ရန်‌/ရှောင်ရန်အချက်များ၊ ပြည်သူသို့အသိပညာပေး ပန်ကြားချက်များ အား လှည့်လည်ကြေညာခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်နှင့် ဗီနိုင်းပိုစတာများ‌ ဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#tny_jul2020

Source: သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events