(COVID-19) ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၇-၂၀၂၀) ရက်နေ့ (၁၁:၀၀)နာရီချိန်မှ (၁၄:၀၀) နာရီထိ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်၊ ထန်းတပင်အုပ်စု၊ (ကျောက်မှော်ကုန်း၊ နံကပ်၊ ရေဝန်းကြီး၊ ရွှေကျွန်းတော၊ ထန်းတပင်) ကျေးရွာတို့တွင် လှည့်လည်ပြီး လတ်တလောဖြစ်ပွါးလျက်ရှိသော (COVID-19) ကူးစက်ရောဂါ ကာကွယ်ခြင်းနှင့် မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေးနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များ၊ သဘာဝဘေး နှင့်ပတ်သက်သည့် လိုက်နာဆောင်ရွက်ရန်များကို ကျေးရွာနေ ပြည်သူလူထုများအား အသိပညာပေးလှည့်လည် နှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဝေငှခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
#ar
#ayy_jul2020
 
 
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events