ကချင်ပြည်နယ်ရှိ IDP စခန်းများတွင် COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းများဆက်လက် ဆောင်ရွက်လျက်ရှိ

ဇူလိုင် ၁၄၊ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား COVID – 19 ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

ယနေ့တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ နမ္မမြစ် COC ဘုရားကျောင်း၊ နမ္မမြစ် ကက်သလစ်ဘုရားကျောင်း၊ နမ္မမြစ် နှစ်ခြင်းဘုရားကျောင်း၊ မော်ဝမ်းမူရင်းနှစ်ခြင်း၊ မော်ဝမ်းအေဂျီ ဘုရားကျောင်း၊ လုံးခင်းလယ်ပြင်ကုဋေကျေးရွာ၊ လုံးခင်းငြိမ်းချမ်း သာယာ COC ကျောင်း၊ လုံးချင်း ငြိမ်းချမ်းသာယာလီဆူးနှစ်ခြင်း၊ လုံးခင်းရပ်ကွက်(၅)ကက်သလစ်၊ လုံးခင်းမှော်စီစာနှစ်ခြင်းနှင့် လုံးခင်းမှော်စီစာအေဂျီ စုစုပေါင်း IDP စခန်း(၁၁)ခုသို့ သွားရောက်၍ ထုံး(၁၁၀)အိတ်နှင့် ဆပ်ပြာ(၂၈၇၈)ခဲတို့ကို သွားရောက် ထောက်ပံ့ခဲ့ပါသည်။

(၁၃-၇-၂၀၂၀)ရက်နေ့ကလည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ရှိ ဆိပ်မူယူမာနှစ်ခြင်း၊ ဆိပ်မူရဝမ်နှစ်ခြင်း၊ ဆိပ်မူလီဆူး နှစ်ခြင်း၊ ဆိပ်မူဆိုင်းတောင်နှစ်ခြင်း၊ ဆိပ်မူရပ်ကွက်(၄) ချင်းနှစ်ခြင်းနှင့် ရွှေကူမြို့နယ်ရှိ နှစ်ခြင်းကျောင်းနှင့် ကက်သလစ်ကျောင်း စုစုပေါင်း IDP စခန်း (၇)ခုသို့သွားရောက်၍ ထုံး(၇၀)အိတ်နှင့် ဆပ်ပြာ(၉၀၉)ခဲတို့ကို သွားရောက်ထောက်ပံ့ခဲ့ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်းများအပြင်  အသိပညာပေးလုပ်ငန်းများ၊ အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများ နှင့်   စိတ်ဓါတ် ရေးရာမြှင့်တင်ပေးမှုဆိုင်ရာလုပ်ငန်းများကို နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

#otr

#kcn_jul2020

Source:  MOSWRR

 

Sign Up

Upcoming Events