လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၇-၂၀၂၀) ရက်နေ့တွင် မြိတ်ဂဝေသီ စေတနာရှင် လူမှုကူညီရေးအသင်း ပရဟိတအဖွဲ့တို့နှင့် ပူးပေါင်း၍ စန္ဒဝတ်ကျေးရွာ၊ ကျွဲကူးကျေးရွာ၊ ကျောက်ဖြူတောင်ကျေးရွာ၊ ရွှေပေးကျေးရွာ၊ ကွမ်းသီးချောင်းကျေးရွာတို့တွင် COVID-19 အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ အများပြည်သူသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော အသိပေးကြေညာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေး မြေပြိုဘေးအန္တရာယ်တို့နှင့်စပ်လျဉ်း၍ ဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်ပါအချက် အလက်များအား အသိပညာပေးခြင်းနှင့် သဘာဝဘေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#tny_Jul2020
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)