လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖားဆောင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃.၇.၂၀၂၀) ရက်နေ့တွင် ဖားဆောင်းမြို့နယ်၊ ဖားဆောင်းကျေးရွာအုပ်စု၊ တောင်ပေါ် ကျေးရွာ၊ ပါပုကျေးရွာ၊ နန့်ကစ်ကျေးရွာ၊ ဖားဆောင်းမြို့တောင်ပိုင်းရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်များရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါပြန့်ပွားမှုမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန် အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များ အသိပညာပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#kyh_jul2020
Source: ဖားဆောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)